Wednesday, March 8, 2017

" ကိုယ်ကျင့်တရားရဲ့ အဓိပ္ပါယ် "

•••••••••••••••••••••••••••••••••••

သီလကို ဘယ်လို ခေါ်ကြသလဲ ဆိုရင်
ကိုယ်ကျင့် လို့လည်း ဒီလို ခေါ်ကြတယ် ၊ ကိုယ်ကျင့်သီလ လို့လည်း တွဲပြီး ခေါ်ကြတယ် ၊

ဘာဖြစ်လို့ ကိုယ်ကျင့်လို့ ခေါ်တာလဲ ၊
သီလဆိုတာ ကိုယ်နဲ့နှုတ် လွန်ကျူးမှုကို စောင့်ထိန်းရတဲ့ အလုပ်ဖြစ်တယ် ၊

-ကာယကံအနေနဲ့  မလွန်ကျူးသင့်တာ ၊ မလုပ်သင့်တာ မလုပ်မိအောင် ၊
-ဝစီကံ အနေနဲ့ မလွန်ကျူးသင့်တာတွေ မလွန်ကျူးမိအောင် ၊ မပြောသင့်တာ မပြောမိအောင် ၊ စောင့်ထိန်းရတယ် ။

ဒီလို ကိုယ်နဲ့နှုတ်နဲ့ ကျင့်ရတဲ့ အကျင့်မို့လို့လည်း ကိုယ်ကျင့်လို့ ခေါ်တယ် ၊

နှုတ်ဆိုတာ ကိုယ်ထဲမှာ ပါပြီးသားမို့ ၊ ကိုယ်နဲ့ ကျင့်ရလို့ ကိုယ်ကျင့်တရား လို့ ခေါ်ပါတယ် ။
ကိုယ်ကျင့်တရား လို့ ပြောလိုက်ရင် နှုတ်ကျင့်တရားလည်း ပါပြီးသားပါပဲ ။
---------------------------------------------

နောက်တစ်နည်းအားဖြင့်. . .
သူတပါးဒုက္ခရောက်မှာကို စိုးရိမ်တာထက် ကိုယ်ဒုက္ခရောက်မှာကို စိုးရိမ်တဲ့အတွက် . . .

ကိုယ်ဒုက္ခမရောက်အောင် ကျင့်ရတာမို့လို့လည်း ကိုယ်ကျင့် လို့ ခေါ်ပါတယ် ၊

သူများအသက် မသတ်ဘူး ၊ ဘာလို့ မသတ်တာလဲ . .?
သူများအသက်သတ်လို့ရှိရင် နောင်သံသရာမှာ ပြန်အသတ်ခံရမှာ ကြောက်လို့ ၊
အဲဒီလို ကိုယ်ကောင်းဖို့ကျင့်တဲ့အကျင့် မို့လို့လည်း . . .ကိုယ်ကျင့်လို့ ခေါ်ပါတယ် ။

စိတ်ဓာတ်အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်တွေကတော့ သူများသေမှာ တကယ်စိုးရိမ်တဲ့စိတ်ပဲ ပါတာပေါ့လေ ၊ သူ့အဆင့်နဲ့ သူပေါ့နော်။
-----------------------------------------------

နောက်တစ်နည်းအားဖြင့်လည်း . . .
ကိုယ်ချင်းစာတရားနဲ့ ကျင့်ရတဲ့အကျင့် မို့လို့လည်း ကိုယ်ကျင့်တရား လို့ ခေါ်ပါတယ် ၊

ငါ့ကို လာသတ်လို့ရှိရင် ငါမကြိုက်သလို
သူ့ကို လာသတ်ရင်လည်း သူကြိုက်မှာ မဟုတ်ဘူး ၊ ငါလည်းပဲ သူများကို မသတ်ဘူး ။ မညှင်းဆဲဘူး ။

ငါ့ပစ္စည်းကို ခိုးရင် ငါမကြိုက်သလို သူ့ပစ္စည်းကို ခိုးရင် သူကြိုက်မှာ မဟုတ်ဘူး ။ ငါလည်း သူများ ပစ္စည်းကို မခိုးဘူး ၊

စသည်အားဖြင့် ကိုယ်ချင်းစာစိတ်ဓာတ်ကို အရင်းခံပြီး ကျင့်ရတဲ့ အကျင့်မို့လို့လဲ . .  ကိုယ်ကျင့်တရား လို့ ခေါ်ပါတယ် ။
---------------------------------------------

နောက်တစ်နည်းအားဖြင့် . . .
ကိုယ်ကြိုက်တာ ကိုယ်ကျင့်တာမို့လို့လည်း . . ကိုယ်ကျင့်တရား လို့ ခေါ်ပါတယ် ၊

ကိုယ်ကြိုက်တာ ကိုယ်ကျင့်တယ် ဆိုတာက. . .
-ကိုယ့်ပစ္စည်းခိုးတာ ကိုယ်ကြိုက်လား ၊
မကြိုက်ပါဘူး ဘုရား ၊
-ကိုယ့်ပစ္စည်း မခိုးတာတော့ မကြိုက်ဘူးလား ၊
 ကြိုက်ပါတယ် ဘုရား ၊

ကိုယ့်ပစ္စည်း သူများ မခိုးတာ , မယူတာ , အလစ်မသုတ်တာ , အချောင်မနှိုက်တာ , ခွင်ရိုက် မသွားတာ . . .ကိုယ်ကြိုက်တယ် ။

ကိုယ်ကြိုက်တဲ့အတိုင်း ကိုယ်လဲ ကျင့်ပေါ့နော် ၊ အဲသလို ကိုယ်ကြိုက်တာ ကိုယ်ကျင့်တာ မို့လို့လည်း ကိုယ်ကျင့်တရား လို့ ခေါ်ပါတယ် ။
----------------------------------------------

ဒီလို သီလကို ကိုယ်ကျင့်လို့ ခေါ်ခြင်းရဲ့ အဓိပ္ပါယ် လေးမျိုးလောက် မှတ်ထားပေါ့နော် . . . .။

" ဆရာတော် အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ"
(လောကမှာအကောင်းဆုံးသောအရာ ၊ စာ-၁၉-၂၂)။

                  Credit -      ဓမ္မ နှစ်သက်သူ။

No comments:

Post a Comment

အခြေခံစကားများလေ့လာရန်...(. မယ်/ဘူး.)စကားစုများ ..၁ ไปไหม ပိုင်မိုင်.... သွားမလား ไป(ပိုင်) သွားမယ်    ไม่ไป.(မိုင့်ပိုင်)မသွာူဘူး ...