Wednesday, March 8, 2017

"" စိတ်ကိုဆုံးမ နိဗ္ဗာန်ရ""
~~~~~~~~~~~~~~
၁။အရေးမလှ၊ တွေးသမျှ၊ ဆွေးရတာလဲ၊ ဒီစိတ်ပဲ။

၂။တရားမ၀င်၊ အများပင်၊ မှားချင်တာလဲ၊ ဒီစိတ်ပဲ။

၃။နှလုံးဘ၀င်၊ မပြုံးရွှင်၊ မုန်းချင်တာလဲ၊ ဒီစိတ်ပဲ။

၎။အပြစ်မမြင်၊ အနှစ်ထင်၊ ချစ်ချင်တာလဲ၊ ဒီစိတ်ပဲ။

၅။ကာမဂုဏ်တွင်၊ အာရုံဝင်၊ ပျော်ချင်တာလဲ၊ ဒီစိတ်ပဲ။

၆။အကန်းအသွင်၊ အရမ်းနင်၊ ကြမ်းချင်တာလဲ၊ ဒီစိတ်ပဲ။

၇။ချစ်စရာကောင်း၊မုန်းဖို့ကောင်း၊ပြောင်းနေတာလည်း၊ ဒီစိတ်ပဲ။

၈။အပြုအပြင်၊ လူ့တစ်ခွင်၊ နုချင်တာလည်း၊ ဒီစိတ်ပဲ။

၉။သတိဥာဏ်ယှဉ်၊ သမ္ပဇဉ်၊ သိမြင်တာလဲ၊ ဒီစိတ်ပဲ။

၁၀။ဒါနသီလ၊ သမထ၊ ပြုကြတာလည်း၊ ဒီစိတ်ပဲ။

၁၁။သာသနာကို၊မကြည်ညို၊တွန့်တိုတာလည်း၊ဒီစိတ်ပဲ။

၁၂။အနေမကျ၊ခြေမကျ၊ သေရတာလည်း၊ဒီစိတ်ပဲ။

၁၃။ဘာဝနာရုပ်နာမ်၊အမြင်သန်၊ကျင့်ကြံတာလည်း၊ဒီစိတ်ပဲ။

၁၄။တစ်မဂ်တစ်ဖိုလ်၊ရက်တိုတို၊ရောက်လိုတာလဲ၊ဒီစိတ်ပဲ ။ ။

No comments:

Post a Comment

အခြေခံစကားများလေ့လာရန်...(. မယ်/ဘူး.)စကားစုများ ..၁ ไปไหม ပိုင်မိုင်.... သွားမလား ไป(ပိုင်) သွားမယ်    ไม่ไป.(မိုင့်ပိုင်)မသွာူဘူး ...