တရားထိုင်ခြင်း_အကျိုး ၇ ခု
------------------------
တရားထိုင်ခြင်းနှင့် ဦးနှောက်ဖွင့်ဖြိုးမှုတို့ကို လေ့လာမှုတွေလုပ်နေတာ တစ်နှစ်နဲ့ တစ်နှစ်ပိုပို တိုးလာတာတွေ့ရမှာပါ။ တရားထိုင်ခြင်းရဲ့ အကျိုးကျေးဇူးကို စက်ပစ္စည်းတွေဖြစ်တဲ့ fMRI၊ EEG တို့နဲ့ စမ်းသပ်လေ့လာကြပြီး ဦးနှောက်ကို အကျိုးပြုစေတယ်ဆိုတာ သိရပါတယ်။ တရားထိုင်ခြင်းအားဖြင့် စိတ်ဖိဆီးမှုတွေ စိတ်ဓါတ်ကျတာတွေကို လျော့နည်းစေပြီး အာရုံစိုက်နိုင်မှုတွေ ဦးနှောက်ဖွင့်ဖြိုးမှုတွေရှိတယ်ဆိုတာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းမှ စပြီး တရားထိုင်ခြင်းနှင့် ဦးနှောက် အကျိုးသက်ရောက်မှုတွေကို လေ့လာတွေ့ရှိတာ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ တရားထိုင်ခြင်းဟာ
ဦးနှောက်အိုခြင်းကို ကာကွယ်ပေးခြင်း
University of California, Los Angeles တက္ကသိုလ်မှ သိပ္ပံပညာရှင်များရဲ့ လေ့လာချက်အရ တရားထိုင်ခြင်းဟာ ဦးနှောက်ကို နူပျိုစေကြောင်း ရှာဖွေတွေ့ရှိတယ်လို့ ၂၀၁၅ ခုနစ် ဇန်န၀ါရီလ ၂၁ ရက်နေ့က ရေးသားတင်ပြခဲ့ပါတယ်။ လေ့လာသူများက ပျမ်းမျှ အနှစ် ၂၀ တရားထိုင်သူများ ဦးနှောက်ရဲ့ grey matter (အသိဉာဏ်၊ စဉ်းစားဉာဏ်တစ်ရှုး) ဟာ သာမန်လူတွေထပ် ပိုများနေကြောင်း တွေ့ရပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ တရားထိုင်သူတွေရဲ့ စဉ်းစားဉာဏ်ဟာ လျော့မသွားပဲ ထိမ်းသိမ်းထားနိုင်တာတွေ့ရပါတယ်။ ဦးနှောက်ရဲ့ grey matter သာမက အခြားနေရာတွေပါ တရားထိုင်ခြင်းက အကျိုးပြုတယ်လို့ လေ့လာသူများထဲက Florian Kurth က ဆိုပါတယ်။
၂။ တရားထိုင်ခြင်းဖြင့်
ပေါက်တကရတွေးတာတွေ လျော့နည်းပေး
ဦးနှောက်က အလုပ်မလုပ်တဲ့အချိန်မှာဆို ဟိုလျှောက်တွေး ဒီလျှောက်တွေးနဲ့ အတိတ်၊ အနာဂါတ်တွေကို ပူပန်၊ စိတ်ကူးရင်တာမျိုးတွေ လုပ်တက်ပြီး ဒါတွေဟာ လူတစ်ယောက်ရဲ့ ပျော်ရွှင် ကျေနပ်မှုကို ထိရောက်နိုင်ပါတယ်။ အဲဒီလိုမျိုး မဖြစ်ပဲ တရားထိုင်သူတွေက မိမိစိတ်ကို မိမိ ထိမ်းချုပ်နိုင်ပြီး တွေးမိခဲ့ရင်တောင် မတွေးမိအောင် ဦးနှောက်က ကူညီပေးတယ်လို့ Yale University မှ ပညာရှင်များရဲ့ ၂၀၁၁ခုနစ် ဇူလိုင်လ လေ့လာချက်မှ တင်ပြသွားပါတယ်။
၃။ စိတ်ဓါတ်ကျခြင်း လျော့နည်းစေရန် တရားထိုင်ခြင်း
၂၀၁၄ခုနစ်တွင် John Hopkins မှ လေ့လာချက်အရ တရားထိုင်ခြင်းဟာ စိတ်ဓါတ်ကျခြင်း၊ စိတ်ပူပင်သောကရောက်ခြင်း နှင့် နာကျင်ခြင်းတို့ကို လျော့နည်းစေတယ်လို့ သိရှိရပါတယ်။ တရားထိုင်ခြင်းဖြင့် ဦးနှောက်ကို လေ့ကျင့်ခန်းလုပ်ပေးနေသလိုဖြစ်လို့ ဦးနှောက်ရဲ့ အသိစိတ်ကို တိုးမြှင့်စေပြီး စိတ်ကိုထိခိုက်စေတဲ့ စိတ်ဓါတ်ကျခြင်းရောဂါတွေမှ ကာကွယ်ပေးပါတယ်။
၎။ တရားထိုင်ခြင်းဖြင့် ဉာဏ်ကောင်းလာနိုင်
Harvard University မှ သုတသနပညာရှင်များ၏ ၂၀၁၁ခုနစ်တွင် တင်ပြချက်အရ တရားထိုင်ခြင်းဟာ ဦးနှောက်ရဲ့ လုပ်ကိုင်ပုံတွေကို ပြောင်းလဲစေပြီး ဦးနှောက်ရဲ့ မှတ်ဉာဏ် အသိဉာဏ်ပိုင်းနေရာတွေမှာ ပိုထူလာပြီး ထိုနေရာတွေဟာ အသိဉာဏ်ကြွယ်ဝအောင်လုပ်တဲ့ နေရာတွေဖြစ်လို့ အကျိုးအမြတ်ရစေပါတယ်။ ထို့ပြင် စိတ်ပူပင်သောက နှင့် စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဦးနှောက်ရဲ့ ဆဲလ်တွေထုတ်တာကိုလဲ လျော့နည်းစေတယ်လို့ဆိုပါတယ်။ အခုလို ရှာဖွေတွေ့ရှိချက်ကို Lazar အဖွဲ့မှ ၂၀၁၄ခုနစ်တွင် ထပ်မံလေ့လာရာ တရားထိုင်ခြင်းက ဦးနှောက်လုပ်ပုံကိုင်နည်းကို ပြောင်းလဲစေယုံသာမက စိတ်ကြည်လင်စေပြီး ခန္ဓာကျန်းမာခြင်းတို့ကို အထောက်အကူပြုတယ်လို့ ဆိုပါတယ်။
၅။ ရက်အနည်းဖြင့် တိုးတက်မှုတွေ့ရှိနိုင်
အကြာကြီး တရားထိုင်မှမဟုတ်ပါဘူး။ တိုးတက်လာမှုတွေကို နှစ်ပတ်လောက်အတွင်းတွေ့ရှိရတယ်လို့ SAGE ဂျာနယ်ရဲ့ လေ့လာချက်တစ်ခုက ၂၀၁၃ခုနစ်မှာတင်ပြသွားပါတယ်။ သေသေချာချာ တရားစမှတ်ပြီး ရက်အနည်းငယ်တွင်းမှာပဲ အာရုံစိုက်နိုင်မှုတွေ သတိထားမှုတွေ တိုးတက်လာတယ်လို့ ဆိုပါတယ်။ စာမေးပွဲဖြေမယ့်လူတွေကို တရားထိုင်ခိုင်းပြီး စမ်းသပ်တဲ့အခါမှာ သူတို့ရဲ့ အာရုံစိုက်မှုတွေ တိုးတက်လာပြီး အမှတ် ပိုတက်လာတယ်လို့လဲ ဒီလေ့လာချက်မှာဖေါ်ပြထားပါတယ်။
၆။ တရားထိုင်ခြင်းဟာ စိတ်သောက၊
လူမှုရေးသောကများကို လျော့နည်းစေနိုင်
ခုခေတ်ကြီးမှာ ပူပင်သောကတွေများပြီး လူတွေဟာ အလုပ်၊ မိသားစု၊ လူမှုရေး၊ ငွေကြေးတွေနဲ့ ချာလပတ်ရိုက်ပြီး ပူပင်သောကတွေ များကြပါတယ်။ ဒီလိုပူပင်သောကတွေဟာ စိတ်ရော ကိုယ်ပါ ထိခိုက်စေနိုင်တာမို့ တရားထိုင်ခြင်းဖြင့် လျော့နည်းအောင် လုပ်လို့ရတယ်လို့ ၂၀၁၃ခုနစ်မှာ Oxford Journal တွင်တင်ပြခဲ့တဲ့ လေ့လာချက်တခုက ဆိုပါတယ်။ တရားထိုင်ရာတွင် အဓိကကျတာကတော့ အသိတရားနဲ့ သတိရှိဖို့ပါပဲ။ သတိမထားပဲ လျှောက်တွေးနေရင်တော့ ခုလိုပူပင်သောကတွေကို လျော့နည်းစေမှာမဟုတ်ပါဘူး။ ဒီလေ့လာရှာဖွေတွေ့ရှိချက်ကို Stanford University မှ ပညာရှင်များကလည်း ထောက်ခံပြီး တရားထိုင်ခြင်းဟာ အသိတရားပိုရှိပြီး ပူပင်သောကတွေ လျော့နည်းစေတယ်လို့ဆိုပါတယ်။
၇။ တရားထိုင်ခြင်းဟာ စွဲလမ်းမှုများကို
အကူအညီပေးနိုင်
တရားထိုင်ခြင်းဟာ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိမ်းချုပ်ပေးနိုင်လို့ ဆေးလိပ်၊ မူးရစ်ဆေးဝါးနဲ့ အရက်ဖြတ်သူများအတွက် အထောက်အကူပြုထိုင်တယ်လို့ လေ့လာချက်များကဆိုပါတယ်။ တရားထိုင်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ခန်းပေးပြီး အသိနဲ့ သတိစိတ်ကို ပိုမိုတိုးစေတာမို့ အခုလို စွဲလမ်းတဲ့ စိတ်တွေကို မရောက်စေပဲ ကူညီပေးတယ်လို့ သိရပါတယ်။
တရားထိုင်ခြင်းဟာ အကျိုးကျေးဇူးတွေအများကြီး ပေးတာမို့ ခုကစပြီး တရားထိုင်ဖို့ ကြိုးစားသင့်ပါတယ်။ အလုပ်မအားရင်တောင် တနေ့ ၁၀မိနစ် ၁၅ မိနစ်လောက်ကနေ စသွားလို့ရပြီး တက်နိုင်သလောက် စိတ်ကို သတိထားပြီး လျှောက်မတွေးအောင် လေ့ကျင့်ခန်းလုပ်ပေးပါ။ တရားစခန်းတွေကလဲ ကာင်းတာမို့ တရားထိုင်ဖို့ အချိန်စာရင်းဆွဲရအောင်နော်။
- yangon trend
______________________
#တရားထိုင်ခြင်းသည်
#ဦးနှောက်ကြွက်သားများကို
#တောင့်တင်းခိုင်မာစေသည်
တရားထိုင်ခြင်းသည်လည်း ဦးနှောက်ကြွက်သားများကို တောင့်တင်းခိုင်မာစေပြီး ဦးနှောက်ကျုံ့ခြင်းကို တွန်းလှန်နိုင်ကြောင်း အမေရိကန် သုတေသီများက ပြောကြားသည်။ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဦးနှောက်ဓာတ်မှန်ရိုက် ဓာတ်ခွဲခန်းဌာနမှ လက်ထောက် ဧည့်ပါမောက္ခအီလင်လူဒါစ်နှင့်အဖွဲ့သည် ဦးနှောက်အတွင်း ဖွဲ့စည်းတည်ဆောက်ထားပုံနှင့် ဆက်စပ်နေပုံကို ဦးနှောက်ဓာတ်မှန် ရိုက်နည်းအသစ်တစ်မျိုးဖြင့်ဓာတ်မှန်ရိုက်လေ့လာခဲ့ရာ တရားထိုင်သူများသည် ဦးနှောက်အစိတ်အပိုင်းတစ်ခုနှင့် တစ်ခု အကြားဆက်နွယ်မှုပို၍ အားကောင်းကြောင်း တွေ့ရှိခဲ့သည်။
ထို့အတွက် အသက်ကြီးရင့်၍ မေ့လျော့ခြင်းဖြစ်စေသည့် ဦးနှောက်ကျုံ့ခြင်းကို လျော့ပါးစေကြောင်း တွေ့ရှိခဲ့သည်။ ဆက်သွယ်မှု အားကောင်း သောကြောင့် ဦးနှောက်အတွင်း အီလက်ထရွန်နစ် အချက်ပြမှုများကို ထုတ်လွှတ်ရာတွင် ပိုမိုမြန်ဆန်ကြောင်း ယင်းအခြေအနေကို ဦးနှောက်အစိတ်အပိုင်း အားလုံးတွင် တွေ့မြင်ရကြောင်း သုတေသီများက ပြောကြားသည်။
ပျမ်းမျှအသက် ၅၂ နှစ်ရှိ ပုံမှန်တရားထိုင်သူ ၂၇ ဦးနှင့် တရားမထိုင်သူ ၂၇ဦးကို နှိုင်းယှဉ်လေ့လာခဲ့ရာမှ ယခုအချက်အလက်များကို တွေ့ရှိလာခြင်း ဖြစ်သည်။လေ့လာခဲ့သူများတွင် ငါးနှစ်မှ နှစ်ပေါင်း ၄၀အထိ တရားထိုင်သူများ ပါဝင်ခဲ့ပြီး ၎င်းတို့သည် ဝိပဿနာနည်း (သို့မဟုတ်) ဇာဇန်နှင့် ရှမန်သာ နည်းများဖြင့် တရားထိုင်နေသူများဖြစ်ကြောင်း သုတေသီများက ပြောကြားသည်။
- credit
မူရင်းတင်သူ
Wednesday, March 8, 2017
Subscribe to:
Post Comments (Atom)
အခြေခံစကားများလေ့လာရန်...(. မယ်/ဘူး.)စကားစုများ ..၁ ไปไหม ပိုင်မိုင်.... သွားမလား ไป(ပိုင်) သွားမယ် ไม่ไป.(မိုင့်ပိုင်)မသွာူဘူး ...
-
မိဘတွေကို မပြောသင့်သော စကား (၁ဝ)ခွန်း ထိုစကားများ ပြောခြင်းမှ အထူးရှောင်ကျဉ်ပါနော် ----------------------------------------------------- ...
-
Stative Verbs အသုံးများ ===================== အင်္ဂလိပ်စာ အသုံးများအနက် ကြိယာများကို အမြဲတန်း Passive + ၀ိဘတ် အသုံးပြုရတဲ့ အရာများရှိပါတယ်....
-
" ရဟန်းဘာကြောင့်ပြုရတယ် " လူ့ဘဝဆိုတာ ရခဲတဲ့ ဘဝတစ်ခုပါ ၊ လူ့ဘဝရောက်နေတဲ့သူတွေပဲ ခံယူခွင့်ရှိတဲ့ ရဟန်းဘဝ ဆိုတာ ပိုပြီး ရခဲပါတယ် ၊...
No comments:
Post a Comment